စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 12, 2013

Note 3 or 5s

         လွန်ခဲ့တဲ့ ၇ လလောက်တုန်းက ပိုစ့်တစ်ခု တင်ဖြစ်သည်။  ဘာ ဖုန်းဝယ်ရင်ကောင်းမလဲဟုဖြစ်သည်။  S4 or HTC 1 or iPhone 5 သို့သော် မ၀ယ်ဖြစ်။  ခု ဖုန်းဝယ်ဖို့ ရောဂါ ထနေပြန်ပြီ။  ဘာဝယ်ရမှန်းမသိပေ။  အချိန်ဆိုသည်မှာ ဖြိုက်ကနဲကုန်သွားသည်။  ဖုန်းအသစ်တွေ ထပ်ထွက်နေပြန်ပြီ။     အရင်တုန်းကတော့ ဖုန်းတစ်လုံးဝယ်လိုက်လျှင် ၂ နှစ်လောက် ခေတ်မီမီ သုံးနေလို့ရသည်။  ခုကတော့ ၆ လ လောက်ဆိုလျှင် ကိုယ်ကိုင်နေတဲ့ ဖုန်းက မော်ဒယ်အောက်သွားပြီဖြစ်သည်။  ခက်လှချေတကား။
         ခု ရောဂါထနေသည်မှာ iPhone 5s နှင့် Note 3 ဘယ်ဟာရွေးရရင် ကောင်းမလဲ ဟူသော အရာပင်ဖြစ်သည်။ အင်တာနက်ထဲမှာ လျှောက်မွှေပြီး review တွေ ဖတ်ကြည့်သည်။  သူ့ဟာနှင့် သူတော့ အားလုံး ကောင်းနေသည်ချည်းသာဖြစ်သည်။  မည်သို့ပင်ဆိုစေကာမူ ဖုန်းတစ်လုံး ၀ယ်လိုက်လျှင် အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေသုံးရမည်ဖြစ်သည်။  ထို့ကြောင့် ၂ နှစ် လက်ထဲရောက်နေမည့် ဖုန်းအတွက် ကျွန်တော့်ဟာ ကျွန်တော် review လုပ်ကြည့်သည်။  5s နှင့် Note 3 ကို ယှဉ်ကြည့်ခြင်းဖြစ်သည်။

ကြံခိုင်မှု့
Samsung သည် ကော်ခွံထဲက မထွက်သေးချေ။  Leather casing ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားသော ကော်ခွံသည်သာ ဖြစ်သည်။  Hard ware အားလုံး ဈေးပေါသော အရာများကို သုံးထားသည်။  အရင် S4 သုံးသူများကို လိုက်ကြည့်လေသော်… screen ကွဲသူများလေသည်။  ပြုတ်ကျသည်နှင့် Screen ကွဲလေသည်။  screen ဘေးနားမှ ကာထားသော လိုင်းကလေးမှာ ဟောင်းလောင်းပေါက် ပိုက်ကလေးဖြစ်သည်။  ပြုတ်ကျလျှင် ပိန်သွားလေသတည်း။  ထို ဟောင်းလောင်းပေါက် ပိုက်ကလေးပြီးလျှင် သံမဏိဟု ထင်ယောင် ထင်မှာ ဖြစ်စရာရှိသော မည်သည့်အရာမှန်းမသိသည့် သတ္တုတစ်ခုဖြင့် ကာထားကာ ၃ လလောက်ကြာရင် ကွာထွက်ကုန်လေ၏။  ထို့ကြောင့် အတွင်းကလီစာများသည် iPhone 5s ထက် Spec မြင့်ပြီး သုံးလို့ကောင်းသော်လည်း အကြမ်းပတမ်း သုံးသူများအတွက် iPhone 5s သည် ပိုမို သင့်လျှော်သည်ဟု ကောက်ချက် ချမိလေသည်။  အဘယ်ကြောင့်ဆိုသော်… မည်သည့်ဖုန်းကို လက်ထဲ ထဲ့ပေး ထဲ့ပေး ပျက်အောင် ကိုင်သော ကျွန်တော်၏ ရှုမငြီးသည် iPhone 5 လက်ထဲထည့်ပေးလိုက်သော် အချိန်အတော်အတန် ငြိမ်ပြီး complain မတက်ဘဲ နေသည်မှာ iPhone ၏ durability သည် ပိုမိုကောင်းသည်ဟု သက်သေ ပြခြင်းပင်ဖြစ်သည်။


Screen Resolution and Size
photo credit : gizmag

         လက်တစ်ဖက်နှင့် သုံးမလား၊ နှစ်ဖက်သုံးမလား ဆုံးဖြတ်ရတော့မည်။  Note 3 က ကျောက်သင်ပုန်းနှင့် ကျောက်တံရေးသလိုဖြစ်မည်။  5.7 inch ရှိသော ဖုန်းပြားပြားကြီး ကြိုက်လျှင်တော့ အိုကေသည်။  5s ၄ လက်မဖြစ်ပြီး လက်တစ်ဖက်ထည်းသုံးလို့ရသေးသည်။ 
         Resolution အကြောင်းပြောလျှင် ဆမ်ဆောင်းက AMOLED ဟုခေါ်သော LED ဖြစ်ပြီး iPhone ကတော့ LCD ပင်ရှိသေးသည်။ သို့သော် ဖုန်း၂ ခုလုံးရဲ့ resolution က တစ်လက်မအတွင်း 300 ppi (Pixel per inch) ကျော်နေသည်အတွက် မည်မျှပင် ကျော်ကျော် ကျွန်တော်တို့ မျက်စေ့က ၃၀၀ ppi ကျော်သွားလျှင် ခွဲခြားနိုင်မည်မဟုတ်တော့ချေ။  Brightness test မှာတော့ အိုင်က နည်းနည်းပိုသာသည်ဟုဆိုသည်။  အရောင်စိုတဲ့နေရာမှာတော့ အိုင်က တော်တော်လေးပိုပြီး အရောင်စိုသည်ဟု ဆိုပြန်သည်။ 

Operation System
         ခု သဘောကျနေသည်မှာ Samsung Note 3 ဖြစ်သည်။  Feature တွေ အကုန်လုံး ကြိုက်သည်။  S finder, air command, action memo, scrap book စသည် စသည် အားလုံးကို အရမ်းသဘောကျသည်။  Multi-window အများကြီး သုံးလို့ရတဲ့ အပြင် window နှစ်ခုကို ယှဉ်ပြီးတော့ သုံးလို့ ရသေးသည်ဟု ဆိုသည်။
5s မှာကတော့ Finger Print sensor ပါလာသည်က လွဲပြီး ကျန်တာက ထူးမခြားနား။  iOS 7 သည် အမြင်လှပြီး နည်းနည်းပါးပါး handy  ဖြစ်လာသည်က လွဲလို့ ကျန်တာ ထူးထူးခြားခြား ဘာမှ ပြောင်းမသွားချေ။ 

Specification

Spec ခြင်း ယှဉ်လိုက်လျှင်တော့ 5s နှင့် Note 3 အပြတ်အသတ်ကွာသည်။  Note 3 ရဲ့ Spec က လန်ထွက်နေသည်။  တစ်ခုကောင်းသည်က Note 3 သည် external SD Card ထပ်ဖြည့်လို့ရပြီး ဘက်ထရီ လဲလို့ ရခြင်းပင်ဖြစ်သည်။  နောက်ပြီး ပစ္စည်းအပို နည်းနည်း ထပ်ဝယ်လိုက်လျှင် Wireless Charging လုပ်ဖို့အလားအလာ ကောင်းသည်။  သို့သော် Note 3 ရဲ့  USB 3 Port ကို သတိထားကြည့်လိုက်လျှင် အတော့်ကို မသတီ စရာကောင်းသည်။  iPhone ရဲ့ lighting adapter က ပိုပြီး သုံးလို့ ကောင်း သယောင်ရှိသည်။  သို့သော်  Spec သည် operation system ပေါ် အများကြီး မူတည်သည်။  iOS သည် Andriod ထက်ပိုပြီး stable ဖြစ်သည်ကတော့ ငြင်းလို့ မရပေ။  ဘာဝယ်ရမှန်းတော့ မသိသေးချေ။  လောလောဆယ်တော့ Spec နှစ်ခုကို ဖင်ပြန် ခေါင်းပြန်ကြည့်ပြီး အလုပ်ရှုပ်နေတုန်းဖြစ်သည်။



Spec
Galaxy Note 3
iPhone 5s
OS
Andriod 4.3 (Jelly Bean) with
Samsung's TouchWiz UI
iOS 7
Dimensions
151mm (H) x 79mm (W) x 8.3mm (H)
124mm (H) x 59mm (W) x 7.6mm (H)
Display
4 inch /  (326 pixel/inch)
5.7 inch/ (388 pixels/inch)
Material
Pleather (Leather like plastic)
Aluminum
Weight
168 g
112 g
4G LTE
Yes
Yes
NFC
Yes
No
Rear Camera
13 megapixel
8 megapixel
Front Camera
2 megapixel
1.2 megapixel
Processor
Snapdragon 800 quard core
2.3 GHz
Apple A7 (64-bit) dual core 1.3 GHz +
Apple M7 Motion coprocessor
RAM
3 GB
1 GB
Storage
32GB/ 64 GB
16GB/ 32GB/ 64GB
External Storage
Micro SD YES
No
Battery
3,200 mAH
1,570 mAH
Color
jet black/ classic white/ blush pink
space gray/ gold/ silver
Sepcial Feature
Stylus/ Pen-window
Finger Print Sensor
Side by Side
Multi-tasking
Yes
No
Infrared
Yes
No
Voice Control
S Voice, Google Now
Siri
Local File Sharing
S Beam (NFC)
Air Drop (Wi-Fi)

အောက်မှာတော့ Note 3 နဲ့  5s ရဲ့ review လေးတွေကို Youtube ကနေတစ်ဆင့် တင်ပေးထားပါတယ်။

Galaxy Note 3 + Gear

iPhone 5s

6 comments:

  1. သူကြီးမင်းကတော့ အိုင်ဘဲ ကြိုက်တယ် ကအွတ်ထောင်။ ဆမ်ဆောင်းဂျီအက်စ်၎ သမားတွေ နုတ်၂ သမားတွေ စိတ်ပျက်ကုန်ကြတာ အနားမှာ တသီကြီးရယ်။ ဘာလို့ စိတ်ညစ်မှန်းတော့ မသိ။ တစ်ယောက်က နုတ်၂ကို ပြန်ပို့ဖို့ ကြိုးစားသည်။ သို့သော မအောင်မြင်။ မချစ်ဘဲနဲ့ အောင့်ကာ နမ်းနေရသည်။ ယူထားမိသည်ကိုး။ နောက်တစ်ယောက်ကတော့ ပေါက်ခွဲချင်စိတ်ပေါက်နေသည်တဲ့။ ဒီတော့ စာချုပ် ၂ နှစ်မပြည့်ခင် ဆိုနီအိပ်စ်ဇက်၁ကို ၀ယ်လိုက်တာ တွေ့ရသည်။ နောက်တစ်ယောက်ကတော့ အနှီဆိုနီကို ၀ယ်ပြီး တစ်ရက်အကြာမှာ အသံမကျယ်၍ဟုဆိုကာ ပြန်သွားလဲပြန်သည်။ ဘယ်သူတွေ ဘာပြောင်းပြောင်း သူကြီးမင်းကတော့ အိုင်၅နဲ့ ငြိမ်လို့။ နဲနဲလေးတွဲ့ပေမဲ့ အိုင်၅ရဲ့ အသံ ရုပ်ထွက် လိုင်းမိမှု အားလုံးကတော့ ဂွတ်ရှယ်တွေချည်းဘဲ။ အိုင်၅အက်စ်ဆို ပိုတောင် ကောင်းလိမ့်ဦးမည်လား မသိ။

    ReplyDelete
    Replies
    1. ထောက်ခံတယ်အပြတ်သတ်ကို

      Delete
  2. 5s ပဲသုံးပါဗျာ...

    ReplyDelete
  3. ဘယ်ဟာ ဝယ်ဖြစ်သွားတုန်း ဟင်...

    ReplyDelete
  4. ခုတော့ Note 3 ၀ယ်ဖြစ်သွားပြီ.....

    ReplyDelete